မင်္ဂလာပါနော်။ ခုတလော စားဖြစ်တာလေးတွေ တင်ပါဦးမယ်ရှင်။ ဒါလေးကတော့ ခမ်း Seng Li Kham နဲ့ မအိ Evy Foodlover တို့ တင်ပြီးသားလေးပါ။ စုတော့ ခမ်းနည်းလေးနဲ့ထောင်းဖြစ်ပါတယ်။ တို့စရာတွေအများကြီးလုပ်ပြီး စားကောင်းလွန်းလို့ ဝေမျှလိုက်ပါတယ်နော်။
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထောင်း ငပိထည့်ထောင်း ပန်းကန်ထဲထည့် ပုဇွန်ခြောက်မှုန့် သံပုရာသီးညှစ် သကြားထည့် ကင်းမွန်ငံပြာရည် ရေ ထည့်မွှေပါ။ ပြုတ်ထားသောခမ်းကစော့သီးများထည့်ပါ။ ခမ်းကတော့ ခရမ်းကစော့သီးကိုထောင်းထည့်တယ်။ အိမ်မှာခရမ်းကစော့သီး မကြိုက်ကြလို့ စုတော့ ပြုတ်ပြီးမှအလုံးလိုက်ထည့်လိုက်ပါတယ်။ အသီးအရွက် ကြိုက်တာတွေပြုတ် ၀က်ခေါက်ကြော်လေးနဲ့တို့တို့စား အရသာအရမ်းရှိလို့ ငပိကြိုက်သူများ နှစ်သက်စေမှာနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
- ထိုင်းငပိ စားပွဲတင်ဇွန်း ၂ဇွန်း မီးကင်ထားပါ။
- ပုဇွန်ခြောက်မှုန့် စားပွဲတင်ဇွန်း ၃ဇွန်း
- သံပုရာသီး ၁လုံး
- ခရမ်းကစော့သီး အနည်းငယ် ပြုတ်ထား
- ကြက်သွန်ဖြူ ၆မွှာ နုတ်နုတ်စင်း
- သကြား စားပွဲတင်ဇွန်း ၂ဇွန်း
- ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်း၁ဇွန်း
- ငရုတ်သီးစိမ်း ၁၀တောင့်
- ရေစားပွဲတင်ဇွန်း ၃ဇွန်း