ဒီနေ့တော့ ခဏခဏကြော်ပြီး အရမ်းကြိုက်တဲ့ ချဉ်ပေါင်ကြော်လေးပါ။ ငရုတ်သီးစိမ်းများများ ပုဇွန်လေးတွေနဲ့ ကြော်ထားပါတယ်။
ကြော်နည်းကတော့ ထူးမခြားနားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူနီရဲအောင်ကြော် အရောင်တင်မှုန့်ထည့် ငရုတ်သီးနံ့ပျောက်လျှင် ငပိထည့်ကြော်ပါ။ ငပိနံ့မွှေးလာလျှင် ပုဇွန်များထည့်ပါ။ ပုဇွန်အသားလေးများကွေးလာလျှင် ချဉ်ပေါင်များထည့်ကြေအောင်မွှေပါ။ ငံပြာရည် ငရုတ်သီးစိမ်းအုပ် ဆီပြန်လျှင်အိုးပေါ်မှချပါ။
ချဉ်ပေါင်ကြော် စပ်စပ်လေးရပါပြီရှင်။ ကြော်ထားတာက ဟိုရက်က ခုမှပို့စ်တင်ရင်း စားချင်လိုက်တာ။း) အားလုံးပဲနှစ်သက်မယ်လို့ ယုံကြည်ပါတယ်ရှင်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
- ချဉ်ပေါင် ၅စီးကို ခြွေပြီး ရေဆေးပြီးစစ်ထားပါ။
- ကြက်သွန်နီ ၃ဥ
- ကြက်သွန်ဖြူ ၅မွှာ
- အရောင်တင်မှုန့်စားပွဲတင်ဇွန်း ၁ဇွန်း
- ဆီဟင်းခတ်ဇွန်း ၂ဇွန်း
- ငရုတ်သီးစိမ်း
- ပုဇွန်၁၀ သားခန့် အတုံးသေးများတုံးထားပါ။
- ငါးပိစားပွဲတင်ဇွန်းတ၀က်
- ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း