Quantcast
Channel: စိတ်စေရာ
Viewing all articles
Browse latest Browse all 42

ကဆစ်သီးထောင်း

$
0
0
အညာဒေသမှာကြိုက်နှစ်သက်တဲ့ ကဆစ်သီးထောင်းလေးပါ။ ဖရဲသီး သေးသေးလေးတွေလိုပုံမျိုးရှိပြီး အရသာကတော့ ကင်းပုံသီးများလိုပဲ ဆင်တူပါတယ်။ ကင်းပုံသီးလိုပဲ အချိုအခါး အရသာ ၂မျိုးရှိပါတယ်။ အညာဒေသမှာတော့ ငပိချက်ချက်စား အသားနဲ့ရောချက်စား စားကြပါတယ်။ ဒီတခါတော့ ကဆစ်သီးကို မီးအုံး ငပိနဲ့ထောင်းစားထားပါတယ်။ 
  • ကဆစ်သီး ၁၀လုံး 
  • စိမ်းစားငပိ စားပွဲတင်ဇွန်းတ၀က် 
  • ကြက်သွန်ဖြူ ၃မွှာ 
  • ငရုတ်သီးစိမ်း ၅တောင့် 
  • ကြက်သွန်နီ ၁ဥ 
  • ဆီစိမ်း စားပွဲတင်ဇွန်း ၁ဇွန်း 

ကဆစ်သီးများကို ပြာပူပူတွင်ထည့် မီးအုံးပါ။ အခွံများနွှာပြီးအထဲသားများကို ပန်းကန်တစ်ခုထဲတွင်ထည့်ပါ။ (ခါးမခါးလျှာနှင့်တို့ကြည့်ပြီး ခါးသောအသီးများဖယ်လိုက်ပါ။) စိမ်းစားငပိ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းများမီးကင်ပြီး ညက်အောင်ထောင်းပါ။ အခွံနွှာထားသော ကဆစ်သီးသားများထည့် နှံ့စပ်အောင် အရည်မစင်စေရန် ခပ်အုပ်အုပ်ထောင်းပြီး ပန်းကန်ထဲထည့်ပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး ကဆစ်သီးထောင်းများနှင့်ရောပါ။ ဆီစိမ်းလေးဆမ်းပေးပါ။ ပဲဆီနံ့မွှေးမွှေးလေးနဲ့ အညာဒေသကြိုက် ကဆစ်သီးထောင်းလေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု

Viewing all articles
Browse latest Browse all 42

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...