ဒီတပတ်အတွက် Sunday Special ဂဏန်းငရုတ်ကောင်းကြော်လေး ကြော်ထားပါတယ်။ သမီးလေးနဲ့ သူငယ်ချင်းတွေ အရမ်းကြိုက်တဲ့အပြင်အချိန်တိုအတွင်း ပြင်ဆင်ချက်ပြုတ်နိုင်လို့ စိတ်စေရာရဲ့ အနှစ်သက်ဆုံးဟင်းတမျိုးဖြစ်ပါတယ်ရှင်။ ချစ်မိတ်ဆွေများအားလုံးလဲ နှစ်သက်နိုင်ကြပါစေနော်။
လိုအပ်သောပစ္စည်းများ
ဆီအိုးထဲထည့်ပြီး ပူလာလျှင် ထောင်းထားသောကြက်သွန်ဖြူ ဂျင်းများထည့် အနံ့မွှေးလာအောင်ကြော်ပါ။ နယ်ထားသောဂဏန်းများထည့်ပါ။ ဂဏန်းများနီရဲလာလျှင် ရေထည့်ပြီး အဖုံးအုပ်ပေးပါ။ ရေစပ်စပ်ကျန်လျှင် မညက်တညက်ထောင်းထားသော ငရုတ်ကောင်းများထည့်ပြီး ၁မိနစ်ခန့်ကြော်ပေးပါ။ ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ ချိုပူရှိန်းဂဏန်းငရုတ်ကောင်းကြော်လေး ရပါပြီရှင်။ ပျော်ရွှင်ဖွယ်ရာ တနင်္ဂနွေနေ့လေး ဖြစ်ကြပါစေနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု
လိုအပ်သောပစ္စည်းများ
- ဂဏန်းအရွယ်လတ် ၅ကောင်
- ခရုဆီ စားပွဲတင်ဇွန်း ၂ဇွန်း
- ဆား စားပွဲတင်ဇွန်း ၄ပုံ၁ပုံ
- သကြား စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်း
- လှော်ပြီးသား ငရုတ်ကောင်း အစေ့ ၃၀စေ့ခန့်
- ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
- ရေ လက်ဖက်ရည်ပန်းကန်လုံး ၁လုံး
- ကြက်သွန်ဖြူဥတလုံး ၁၀မွှာ
- ဂျင်း လက်ဆစ်ဆစ်ခန့်