Quantcast
Channel: စိတ်စေရာ
Viewing all articles
Browse latest Browse all 42

ကျွဲကောသီးသုတ်

$
0
0
ကျွဲကောသီးပေါချိန်မို့ ပုဇွန်လှော်လေးနဲ့ ကျွဲကောသီးသုတ်စားပါတယ်။ အားလုံးလဲနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော်။

  • ကျွဲကောသီး ၁လုံး
  • ကြက်သွန်နီ ဥသေး ၂ဥ
  • ကြက်သွန်ဖြူ ၃မွှာ
  • ငရုတ်ခြောက်တောင့် ၃တောင့်
  • သကြား စားပွဲတင်ဇွန်း ၂ဇွန်း
  • ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း ၂တောင့်
  • ပုဇွန် ၅ကောင်
  • သံပုရာသီး ၁လုံး
  • ရှောက်ရွက် နံနံပင် အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ပုဇွန်ခြောက်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း

သုတ်ရတာတော့ လွယ်ကူပါတယ်။  ပုဇွန်များကို အခွံခွာ မွှေးနေအောင်လှော်ပြီးအတုံးလေးများတုံးထားပါ။ ကျွဲကောသီး ၁လုံးကို အမွှာလေးများနွှာထားပါ။ ကျွဲကောသီးပန်းရောင်ဆို ပိုစားလို့ကောင်းသလိုပဲ။ ဒီနေ့တော့ အဖြူရောင်လေးနဲ့ပဲ သုတ်လိုက်ရပါတယ်။ နံနံပင် ရှောက်ရွက် ပါးပါးလှီး ပုဇွန်ခြောက်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးပါ။

Dressing အတွက် ငရုတ်ခြောက် ၃တောင့် ကြက်သွန်နီ ကြက်သွန်ဖြူကို လှော်ပြီး ညက်နေအောင်ထောင်းပါ။ သံပုရာသီးကို အရည်ညှစ် ကင်းမွန်ငံပြာရည် သကြားများရောကာ ငရုတ်ခြောက် ကြက်သွန်ဖြူနီထောင်းရောထည့်ပြီး ပွက်ပွက်ဆူအောင် မီးဖိုပေါ်တင်ပါ။ ထို့နောက် အအေးခံကာ ကျွဲကောသီးအရောထဲ ရောထည့်ကာ ငရုတ်သီးမှုန့်ထည့် ခပ်ဖွဖွနယ်ပေးပါ။

ချိုချဉ်စပ် အသုတ်လေးရပါပြီ။ အားလုံးပဲ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

Viewing all articles
Browse latest Browse all 42

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...