Quantcast
Channel: စိတ်စေရာ
Viewing all articles
Browse latest Browse all 42

ထနောင်းရွက်နုသုတ်

$
0
0
ထနောင်းရွက်နုလေးတွေကို သံပုရာသီးလေးနဲနဲညှစ် မြေပဲဆံများများလေးနဲ့ သုတ်ထားပါတယ်။ ထနောင်းရွက်ကို ဟိုအရင်ကမစားဖူးဘူး။ မန္တလေးမှာနေမှစားဖူးတာ။ ထနောင်းရွက်အရသာက အဆိမ့်လေးပါ။ တို့စရာအဖြစ်လဲ စားကြပါတယ်။ မြေပဲလေးထောင်းထည့် ကြက်သွန်ကြော် သံပုရာသီးလေးညှစ် ကြိုက်သွားမှာ သေချာပါတယ်နော်။

ဒါလေးတွေကတော့ ထနောင်းရွက်နုလေးတွေပါ။ ဈေးမှာရောင်းတာ တပွက်ဆူလောက်ပြုတ်ပြီးသားပါ။

ထနောင်းရွက်လေးတွေကို ရေပွက်ပွက်ဆူမှာ ၃မိနစ်ခန့်ထပ်ပြုတ်ပါ။ အနေတော်အရွယ် ကတ်ကြေးနှင့်ဖြတ်ပါ။ ကြက်သွန်ဖြူနီဆီချက် မြေပဲဆံလှော်မညက်တညက်ထောင်း သံပုရာသီးလေးညှစ် နယ်ပါ။

မြေပဲဆံများများနဲ့ ထနောင်းရွက်နုသုတ်လေးရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

Viewing all articles
Browse latest Browse all 42