ချစ်မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ မျှစ်ချဉ်ကို ငါးကြင်းဖြူလေးနဲ့ချက်ထားပါတယ်။ ရာသီဥတုအေးအေးမှာ မျှစ်ချဉ်ဟင်းပူပူလေးဆွဲကြမယ်နော်။း)
ချက်တာတော့ ဘာမှမခက်ပါဘူး။ မျှစ်ချဉ်ကို ရေဆေး အတုံးလေးများတုံး ထားပါ။ ငါးကြင်းဖြူကို အကြေးခွံထိုး ရေဆေး အနေတော်အတုံးလေးများတုံး ဆားဆနွင်းငါးငံပြာရည်များနယ်ထားပါ။ ဆီပူလာလျှင် ကြက်သွန်နီရဲအောင်ကြော် အရောင်တင်မှုန့်ထည့်ပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် နယ်ထားသောငါးများထည့်လုံးပါ။
အရည်ခန်းလာလျှင် မျှစ်ချဉ်တုံးများထည့်လုံးပါ။ ရေအနည်းငယ်ထည့် အဖုံးအုပ်ပေးပါ။ မျှစ်ချဉ်များနူးလာပြီဆိုလျှင် အရသာမြည်း လိုတာလေးဖြည့် ပင်စိမ်းရွက်လေးအုပ်ပါ။
ပင်စိမ်းနံ့သင်းသင်းလေးနဲ့ မျှစ်ချဉ်ဟင်းလေးရပါပြီရှင်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
- မျှစ်ချဉ် ၂၅ ကျပ်သား
- ငါးကြင်းဖြူ ၁၅ ကျပ်သား
- ကြက်သွန်နီ ၂လုံး
- အရောင်တင်မှုန့် ၂ဇွန်း
- ဆနွင်း လက်ဖက်ဇွန်းတ၀က်
- ဆား လက်ဖက်ဇွန်း ၂ဇွန်း
- ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
- ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
- ပင်စိမ်းရွက်အနည်းငယ်