Quantcast
Channel: စိတ်စေရာ
Viewing all 42 articles
Browse latest View live

ငါးကျည်းခြောက် ခရမ်းချဉ်သီးချက်

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ ၁၂.၁၂.၁၂ ထူးထူးခြားခြားရက်လေးမှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။ ဒီနေ့တော့ ငါးကျည်းခြောက်လေးကို ခရမ်းချဉ်သီးနဲ့ စိုစိုလေးချက်ထားပါတယ်။ အားပေးကြပါဦးနော်။



  • ငါးကျည်းခြောက် ၂၅ကျပ်သား ၁၀မိနစ်ခန့်ရေစိမ် အရိုးများထုတ် အတုံးလေးများညှပ်ပါ
  • အရောင်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီဟင်းခတ်ဇွန်း ၂ဇွန်း
  • ခရမ်းချဉ်သီး ၃လုံး ပါးပါးလှီး
  • ကြက်သွန်နီ ၂ဥပါးပါးလှီး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း                         

ချက်တာကတော့ ထုံးစံအတိုင်းပါပဲ ဆီပူအောင်တည် ကြက်သွန်နီ ရဲလာအောင်ကြော်။ ကြက်သွန်နီရဲလာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ငရုတ်စိမ်းနံ့ပျောက်လျှင် ခရမ်းချဉ်သီးထည့်နွမ်းအောင် ကြော်ပါ။ နွမ်းလာလျှင် ငါးကျည်းခြောက်များထည့် ငါးငံပြာရည် အချိုမှုန့်အနည်းငယ်ထည့်ပါ။


အရည်လေးခန်းဆီပြန်စပြုပြီဆို ငါးကျည်းခြောက်ချက် စိုစိုလေးရပါပြီရှင်။ ပဲဟင်းပူပူလေးနဲ့ စားကြမယ်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ယိုးဒယားငါးဖယ်ကြော်

$
0
0
ဒါလေးကလဲ post အဟောင်းလေးပါ။ Blog စရေးခါစ ၆လပိုင်းတုန်းက တင်ထားတဲ့ဟင်းလေးပါ။ အရမ်းကြိုက်လို့ ခဏခဏကြော်စားဖြစ်ပါတယ်။ စုတော့အိမ်မှာကြော်စားရတာ အရမ်းအဆင်ပြေလို့ နည်းလေးဝေမျှလိုက်ပါတယ်နော်။


လိုအပ်တဲ့ပစ္စည်းများကတော့
  • ငါးဖယ် ၄၀ သား
  • ကြက်ဥ ၂လုံး 
  • ပဲတောင့်ရှည် ၅ တောင့် ပါးပါးလှီး
  • ရှောက်ရွက် ၃စီး ပါးပါးလှီး
  • red curry paste စားပွဲတင် ၂ ဇွန်း
  • သကြားစားပွဲတင် ၂ ဇွန်း 
  • ဆားစားပွဲတင်ဇွန်းတ၀က်

ပါဝင်ပစ္စည်းများအားလုံးနှင့် ငါးဖယ်ကိုစေးနေအောင်နာနာနယ်ပါတယ်။


လက်ကိုရေစွတ်ပြီးငါးဖယ်ပြားလေးတွေ အရွယ်တော် အ၀ိုင်းပြားလေးများလုပ်ပါ။


မီးခပ်မျှင်းမျှင်းနှင့်ကြော်ပါတယ်။ မီးပြင်းသွားရင် ထည့်ထားတဲ့ ပဲသီးရှောက်ရွက်တူးပြီးမဲသွားတတ်လို့ အရောင်မလှဖြစ်တတ်ပါတယ်။



နှစ်ဖက်လုံးရဲနေအောင်ကြော်ပြီးရင်တော့ ချက်လို့လွယ် မြည်းလို့လဲကောင်း ထမင်းနဲ့စားလို့လဲကောင်းတဲ့ ယိုးဒယားငါးဖယ်ကြော်လေးရပြီပေါ့နော်။ တို့စားဖို့ sauce လေးကိုလဲ တခါထဲတွဲလုပ်ထားပါတယ်။ သခွားသီးများကိုအတုံးလေးများလုပ် မြေပဲလှော်မညက်တညက်ထောင်းရောကာသံပုရာသီး ၁လုံးထည့်ညှစ်ထားပါ။ ရှာလကာရည်စားပွဲတင်ဇွန်း ၂ဇွန်း သကြား စားပွဲတင်ဇွန်း ၁ဇွန်း ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်းတ၀က်ကို သကြားပျော်အောင်အပူပေးပြီး သခွားသီးအရောထဲလောင်းထည့်ပါ။ ငါးဖယ်ကြော်လေးနဲ့တွဲဖက်စားဖို့ ချိုချဉ် sauce လေးရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ငါးမြွေထိုးမဆလာချက်

$
0
0
မင်္ဂလာပါရှင်။ ဒါလေးကလဲ post အဟောင်းလေးပါ။ ဒီနေ့ဈေးမှာ ငါးမြွေထိုးအကောင်ကြီးတွေရခဲ့လို့ မန်ကျည်းနှစ် မဆလာလေးနဲ့ဆီပြန်ချက် ရှမ်းနံနံ ငရုတ်သီးစိမ်းလေးအုပ်။ စားလို့ကောင်းမှကောင်းပဲ။  တခုပဲ ခက်သွားတာက ငါးအကောင်ကြီးနေတာ။ အကောင်ကြီးတော့ ကိုင်ရလှီးရတာ တော်တော်ကြောက်စရာကြီး။ မြွေကြီးလိုလို ငါးရှဥ့်အကြီးကြီးလို။း( ဟင်းကျက်တော့လဲ စားလို့ကောင်းနေတာပါပဲ။း)


  • ငါးမြွေထိုး ၁ကောင် (၃၅ ကျပ်သား)
  • ဆား စားပွဲတင်ဇွန်း၁၀က်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်း လက်ဖက်ဇွန်း တ၀က်
  • အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်နီ ၂ဥ
  • ကြက်သွန်ဖြူ ၅မွှာ
  • ဆီဟင်းခတ်ဇွန်း ၁ဇွန်း
  • မန်ကျည်းနှစ် စားပွဲတင်ဇွန်း ၃ဇွန်း
  • မဆလာ စားပွဲတင်ဇွန်းတ၀က်
  • ခရမ်းချဉ်သီး ၂လုံး
  • ငရုတ်သီးစိမ်း ၁၀တောင့်
  • ရှမ်းနံနံ ၁စီး
ငါးကို ဆား ငါးငံပြာရည် ဆနွင်းတို့နှင့်နယ်ပြီး နာရီဝက်ခန့်ထားပါ။


ဆီ ကြက်သွန်နီ ကြက်သွန်ဖြူ ဆနွင်း အရောင်တင်မှုန် မဆလာတို့ကိုရောပြီး ဆီသတ်ပါ။ ကြက်သွန်များရဲလာပြီး မဆလာနံ့မွှေးလာပြီဆို ခရမ်းချဉ်သီးထည့် နွမ်းအောင်ကြော်ပါ။ နယ်ထားသောငါးများထည့်လုံးပါ။ ငါးများလုံးသွားလျှင် ရေအနည်းငယ်ထည့် မန်ကျည်းနှစ်ထည့်မွှေပါ။ အရည်ခန်းစပြုလာပြီဆို ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်ပါ။


ဆီပြန်ရေကျန်ဆိုလျှင်တော့ ငရုတ်သီးစိမ်း ရှမ်းနံနံ မဆလာနံ့သင်းသင်းလေးနဲ့ ငါးမြွေထိုးချက်လေးရပါပြီရှင်။

မိတ်ဆွေများအားလုံးရွှင်လန်းချမ်းမြေ့ပါစေရှင်။
ချစ်တဲ့
စု


ပုဇွန်ချဉ်ပေါင်ကြော်

$
0
0
ဒီနေ့တော့ ခဏခဏကြော်ပြီး အရမ်းကြိုက်တဲ့ ချဉ်ပေါင်ကြော်လေးပါ။ ငရုတ်သီးစိမ်းများများ ပုဇွန်လေးတွေနဲ့ ကြော်ထားပါတယ်။
  • ချဉ်ပေါင် ၅စီးကို ခြွေပြီး ရေဆေးပြီးစစ်ထားပါ။
  • ကြက်သွန်နီ ၃ဥ
  • ကြက်သွန်ဖြူ ၅မွှာ
  • အရောင်တင်မှုန့်စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီဟင်းခတ်ဇွန်း ၂ဇွန်း
  • ငရုတ်သီးစိမ်း
  • ပုဇွန်၁၀ သားခန့် အတုံးသေးများတုံးထားပါ။
  • ငါးပိစားပွဲတင်ဇွန်းတ၀က်
  • ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း 

 ကြော်နည်းကတော့ ထူးမခြားနားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူနီရဲအောင်ကြော် အရောင်တင်မှုန့်ထည့် ငရုတ်သီးနံ့ပျောက်လျှင် ငပိထည့်ကြော်ပါ။ ငပိနံ့မွှေးလာလျှင် ပုဇွန်များထည့်ပါ။ ပုဇွန်အသားလေးများကွေးလာလျှင် ချဉ်ပေါင်များထည့်ကြေအောင်မွှေပါ။ ငံပြာရည် ငရုတ်သီးစိမ်းအုပ် ဆီပြန်လျှင်အိုးပေါ်မှချပါ။


ချဉ်ပေါင်ကြော် စပ်စပ်လေးရပါပြီရှင်။ ကြော်ထားတာက ဟိုရက်က ခုမှပို့စ်တင်ရင်း စားချင်လိုက်တာ။း) အားလုံးပဲနှစ်သက်မယ်လို့ ယုံကြည်ပါတယ်ရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ယိုးဒယားငပိထောင်း

$
0
0
မင်္ဂလာပါနော်။ ခုတလော စားဖြစ်တာလေးတွေ တင်ပါဦးမယ်ရှင်။ ဒါလေးကတော့ ခမ်း Seng Li Kham နဲ့ မအိ Evy Foodlover တို့ တင်ပြီးသားလေးပါ။ စုတော့ ခမ်းနည်းလေးနဲ့ထောင်းဖြစ်ပါတယ်။ တို့စရာတွေအများကြီးလုပ်ပြီး စားကောင်းလွန်းလို့ ဝေမျှလိုက်ပါတယ်နော်။


  • ထိုင်းငပိ စားပွဲတင်ဇွန်း ၂ဇွန်း မီးကင်ထားပါ။
  • ပုဇွန်ခြောက်မှုန့် စားပွဲတင်ဇွန်း ၃ဇွန်း
  • သံပုရာသီး ၁လုံး
  • ခရမ်းကစော့သီး အနည်းငယ် ပြုတ်ထား
  • ကြက်သွန်ဖြူ ၆မွှာ နုတ်နုတ်စင်း
  • သကြား စားပွဲတင်ဇွန်း ၂ဇွန်း
  • ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်း၁ဇွန်း
  • ငရုတ်သီးစိမ်း ၁၀တောင့်
  • ရေစားပွဲတင်ဇွန်း ၃ဇွန်း

ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထောင်း ငပိထည့်ထောင်း ပန်းကန်ထဲထည့် ပုဇွန်ခြောက်မှုန့် သံပုရာသီးညှစ် သကြားထည့် ကင်းမွန်ငံပြာရည် ရေ ထည့်မွှေပါ။ ပြုတ်ထားသောခမ်းကစော့သီးများထည့်ပါ။ ခမ်းကတော့ ခရမ်းကစော့သီးကိုထောင်းထည့်တယ်။ အိမ်မှာခရမ်းကစော့သီး မကြိုက်ကြလို့ စုတော့ ပြုတ်ပြီးမှအလုံးလိုက်ထည့်လိုက်ပါတယ်။ အသီးအရွက် ကြိုက်တာတွေပြုတ် ၀က်ခေါက်ကြော်လေးနဲ့တို့တို့စား အရသာအရမ်းရှိလို့ ငပိကြိုက်သူများ နှစ်သက်စေမှာနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ပုဇွန်မဆလာချက်

$
0
0
အားလုံးပဲ မင်္ဂလာပါရှင်။ တင်ပြီးသား post ပုဇွန်မဆလာချက်လေးပါ။ အကြိုက်ဆုံးတွေထဲက ထိပ်ဆုံး :D ပုဇွန်ကို မဆလာနဲ့ အချဉ်ချက်ပြီး ရုံးပတီသီးလေးအုပ်ပါတယ်။ ပုဇွန်အကောင်စားရတာထက် အရည်ရယ် ရုံးပတီသီးရယ်ကို ထမင်းနဲ့နယ်စားရတာ ပိုကြိုက်တယ်။ အားပေးကြပါဦးနော်။


ပုဇွန်ငါးဆယ်သားကို လက်ချောင်း နှာမောင်းအချွန်များ ကတ်ကြေးနှင့်ကိုက် ရေစင်စင်ဆေးပါ။
ကြက်သွန်နီ ၂ဥ
ကြက်သွန်ဖြူ ၃မွှာ
မန်ကျည်းနှစ်အကြမ်းပန်းကန်လုံး ၁လုံး
ဆား စားပွဲတင်ဇွန်းတ၀က်
ရုံးပတီသီးအနည်းငယ်
အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
ဆီစားပွဲတင်ဇွန်း ၁ဇွန်း
မဆလာ စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်နီဖြူကို ဆီစားပွဲတင် ၁ ဇွန်းနှင့် အရောင်တင်မှုန့်ထည့် ဆီသတ်ပါ။ ကြက်သွန်များရဲလာလျှင် မန်ကျည်းနှစ်ပါ။ ရေအနည်းငယ်ထည့် ပွက်ပွက်ဆူအောင်တည်ပါ။ ဆားထည့်ပါ။ ရေပွက်ပွက်ဆူလာပြီဆို နယ်ထားသောပုဇွန်များထည့်ကာ အပေါ့အငန်အချဉ်မြည်းထည့်ပါ။ ပုဇွန်များရဲပြီးကွေးလာပြီး အရသာအနေတော်ဆို မဆလာ စားပွဲတင် ၁ ဇွန်းထည့် မီးပိတ်ပြီး ရုံးပတီသီးများလှီးထည့်ကာ အဖုံးပိတ်ထားပါ။


ပုဇွန်မဆလာချက်လေးရပါပြီ။ ထိုင်းစတိုင် ငပိထောင်းလေးနဲ့တွဲစားလို့ အားလုံးပဲ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်နော်။

မိတ်ဆွေများအားလုံးရွှင်လန်းချမ်းမြေ့ပါစေရှင်။
ချစ်တဲ့
စု

ငါးကင်

$
0
0
ဆောင်းတွင်းလေးမှာ သူငယ်ချင်းတွေစုမိတိုင်း ငါးကင်စပ်စပ်လေးခဏခဏ စားဖြစ်တယ်။ မန္တလေးက မာလာဟင်းဆိုင်လေးတွေမှာရောင်းတဲ့ အကင်မျိုးလေးပါ။ ကင်ပြီးပြီးချင်း သူငယ်ချင်းကမြည်းမလို့လုပ်လိုက်တာ ငါးလေးပုံနည်းနည်းပျက်သွားတယ်။ သည်းခံကြပါနော်။း)



ငါးကင်ရန်အတွက် တလားဗီးယားငါးကို အကြေးခွံထိုး အမြှောင်းရာပေး အဆာသွတ်ရန် ဗိုက်ခွဲထားပါ။
ငါး ၁ကောင်အတွက် 

  • ရှာက်ကောမှုန့် ပါကောမှုန့် ၀ှာခြောက်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်းစီ 
  • ကချင်အရက် စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား စားပွဲတင်ဇွန်းတ၀က်
  • ဂျင်းရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်းထည့်  ရောနယ်ကာရေခဲသေတ္တာထဲတွင် ၃နာရီခန့်ထားပါ။         

 အဆာသွတ်ရန်အတွက်
  •  ပင်စိမ်း ၂စီး 
  • ရှမ်းနံနံ ၁စီး
  • နံနံပင် ၂စီး
  • ကင်ပွန်းချဉ်ရွက် အကြမ်းပန်းကန်လုံး ၁လုံး
  • ဖက်ဖယ် ၄စီး
  • ကြက်သွန်ဖြူ အမွှာ ၂၀
  • ရုတ်သီးစိမ်း ၂၀တောင့်  ကိုကြိတ်ပါ။ 


 ကင်ခါနီးလျှင် ရေခဲသေတ္တာထဲမှငါးကိုထုတ်ကာ ထောင်းထားသောအဆာများသွတ်ပါ။ ကင်သောအချိန်တွင် ငါးပေါ်မှသုတ်ရန် ငရုတ်သီးအလှော်မှုန့် စားပွဲတင်ဇွန်း ၂ဇွန်း ရှောက်ကော ပါကော ၀ှာခြောက်မှုန့် စားပွဲတင်ဇွန်းတ၀က်စီရောကာ ဆီပူပူကိုလောင်းချပါ။ ငရုတ်သီးအနှစ်ကိုသုတ်ပြီး ကင်ပေးပါ။

ငါးကင် မွှေးမွှေးစပ်စပ်လေးရပါပြီရှင်။ ကင်ပြီးပြီးချင်း ဓာတ်ပုံတောင်မရိုက်ရသေးဘူး။ သူငယ်ချင်းကမြည်းမလို့ လုပ်လိုက်လို့ ငါးကင်လေး ပုံတောင်နည်းနည်းပျက်သွားတယ်။ အားလုံးပဲ တူတူစားရအောင်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
 

ငါးချဉ်ကြော်

$
0
0
ဒီနေ့တော့ ငါးချဉ်လေးကြော်ထားပါတယ်။ မစားရတာကြာလို့လားမသိဘူး တော်တော်လေး စားကောင်းပါတယ်။ ငါးချဉ်ကို ပင်စိမ်းရွက်လေးများများနဲ့ ကြော်ထားပါတယ်။ အားလုံးပဲနှစ်သက်မယ်လို့ ယုံကြည်ပါတယ်နော်။


  • ငါးချဉ် ၂၀သား ထမင်းစေ့များဖယ်ထုတ်ထားပါ။
  • ကြက်သွန်နီ ၂လုံးပါးပါးလှီး
  • ငရုတ်သီးစိမ်းအနည်းငယ်
  • ပင်စိမ်း ၂စီး
  • အရောင်တင်မှုန့် စားပွဲတင်ဇွန်းတ၀က်
  • ဆီဟင်းခတ်ဇွန်း ၁ဇွန်း


ကြော်ရတာလွယ်မှလွယ်ပါ။ အားလုံးထည့်ကြော်လိုက်တာပါပဲ။ ဆီပူလာလျှင် ကြက်သွန်ထည့်နွမ်းအောင်ကြော်ပါ။ အရောင်တင်မှုန့်ထည့် အစိမ်းနံ့ပျောက်လျှင် ငါးချဉ်များထည့်ပါ။ ဆီပြန်စပြုလာလျှင် ပင်စိမ်း ငရုတ်သီးစိမ်းအုပ်ပါ။


ထမင်းမြိန်စေမဲ့ငါးချဉ်ကြော်လေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

မုန်လာဥပိုးတီသုတ်

$
0
0
ဒါလေးလဲ post အဟောင်းလေးပါ။ မုန်လာဥပိုးတီချိုချဉ်လေးကို ဟိုးငယ်ငယ်ထဲကသိပ်ကြိုက်တာ။ လုပ်ရတာအလုပ်ရှုပ်လို့ အိမ်မှာ ခဏခဏလုပ်မစားကြဘူး။ စားချင်လွန်းလို့ ငယ်ငယ်က တော်တော်ကြိုးစားသင်ယူရတယ်။ ဆောင်းတွင်း မုန်လာဥလေးတွေပေါတုန်း လုပ်စားကြရအောင်နော်။

  • မုန်လာဥ ၅လုံး
  • ကြက်သွန်နီ ၃ဥ
  • သကြားစားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား စားပွဲတင်ဇွန်း ၁ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၅ဇွန်း 
  • နှမ်း စားပွဲတင်ဇွန်း ၂ဇွန်း

မုန်လာဥများကို အရွက်များခြွေ အခွံသင်ထားပါ။ မုန်လာဥများကို မျက်နှာပြင် ၂ ဘက်လုံးခပ်စောင်းစောင်း ပိုးတီလှီးထားပြီး ဆားထည့်မုန်လာဥအသားများထဲထိဝင်အောင်ဖိနယ်ပေးပြီး ၁၅ မိနစ်ခန့် တားပါတယ်။ ၁၅ မိနစ်ခန့်ရှိလျှင် ရေဆေးပြီး ရေစင်အောင်ညှစ်ထားပါတယ်။ ရေညှစ်ထားသောမုန်လာဥထဲသို့ ရှာလကာရည် သကြားထည့် စိမ်ပြီး ၁နာရီခန့်ထားပါ။ မုန်လာဥများကိုလှည့်လှည့်ပေးပါ။

မုန်လာဥစိမ်ထားချိန်တွင် ကြက်သွန်နီပါးပါးလှီးကာ ကြက်သွန်ကြော်ကြော်ထားပါ။

မုန်လာဥများကို ဆယ်ပြီးရေစင်အောင်ညှစ်ပါ။ ကြက်သွန်ကြော် နှမ်းဖြူး ဆီချက်ဆီလေးဆမ်းပြီးတည်ခင်းပါ။ ချိုချဉ်မုန်လာဥပိုးတီလေး ရပါပြီ။ ထမင်းမြိန်စေမှာအသေအချာမို့ မိတ်ဆွေများအားလုံး နှစ်သက်ကြပါစေနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ပဲဇောင်းခါးသီးသုတ်

$
0
0
ပဲဇောင်းခါးသီးသုတ် တခါကတော့တင်ပြီးသားပါ။ ဗမာသုတ်လေးသုတ်ထားတာပါ။ ဒီတခါတော့ ယိုးဒယားဆိုင်မှာစားဖူးတဲ့အသုတ်ပုံစံလေးသုတ်ထားပါတယ်။ ပဲဇောင်းခါးသီးကို အစိမ်းထည့်သုတ်တော့ ပဲစိမ်းနံ့မခံနိုင်သူတွေအတွက်တော့ အနည်းငယ်စိတ်ပျက်မယ်ထင်ပါတယ်။ အရသာကတော့ အုန်းနို့နဲ့မို့ ခပ်စိမ့်စိမ့်စပ်စပ်လေး စားလို့တော်တော်ကောင်းပါတယ်။ အရင်ကတင်ဖူးတဲ့အသုတ်လေးကို ဒီနေရာမှာကြည့်လို့ရပါတယ်နော်။

  • ပဲဇောင်းခါးသီး ၁၀ကျပ်သားခန့်
  • အုန်းသီး အပြားလေးများခြစ်ထား စားပွဲတင်ဇွန်း ၃ဇွန်း
  • ဝက်သား ၅ကျပ်သားခန်ု့ပြုတ်ထား
  • မြေပဲဆန်လှော် စားပွဲတင်ဇွန်း ၅ဇွန်း
  • ငရုတ်သီး ၃တောင့်
  • ကြက်သွန်မြိတ် ၂ပင်
  • အုန်းနို့ စားပွဲတင်ဇွန်း ၅ဇွန်း
  • သံပုရာရည်စားပွဲတင်ဇွန်း ၃ဇွန်း
  • ကင်းမွန်ကငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြားစားပွဲတင်ဇွန်းတဝက်
  • tomato sauce စားပွဲတင်ဇွန်း ၁ဇွန်း

ပဲဇောင်းခါးသီးများကိုရေစင်စင်ဆေး ခပ်စောင်းစောင်းပါးပါးလှီးထားပါ။

သံပုရာရည် ကင်းမွန်ငံပြာရည်  tomato sauce သကြားများကို ရောမွှေထားပါ။ ဝက်သားပြုတ်များကို အတုံးသေးလေးများလှီးပါ။ မြေပဲဆန်ကိုမညက်တညက်ထောင်း ကြက်သွန်မြိတ်များကိုပါးပါးလှီးပါ။ အုန်းဆံများကို လှော်ထားပါ။ ငရုတ်တောင့်ကို ပါးပါးလှီးပါ။

အားလုံးပြင်ပြီးလျှင် အုန်းနို့များဆမ်း နယ်ပေးပါ။

အုန်းနို့အုန်းဆံလှော်နံ့လေးသင်းတဲ့ အရသာကွဲပြားတဲ့ အသုတ်လေးရပါပြီနော်။ သမီးလဲကျောင်းပိတ်နေတော့ မီးဖိုထဲကူခိုင်းရင်း အသုတ်လေးကို cup cake ခွက်လေးတွေထဲထည့်ပေးလိုက်တာ သူချက်တဲ့ဟင်း အရမ်းလှတယ်ဆိုပြီး ကျေနပ်သွားပါတယ်။ စိတ်ပါအောင် ဆွဲဆောင်ရတာနော်။း)

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှုင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ဝက်သားနိုကိုဥချက်

$
0
0
ဆောင်းရာသီစာ နိုကိုဥလေးကို ဝက်သားနဲ့အဖြူထည်လေးချက်ပါတယ်။ လုံးချက် ရောချက် ဘာပညာမှမပါပါဘူး။ စားလို့တော့ကောင်းတယ်။း) တူတူစားကြရအောင်နော်။

  • ဝက်သား သုံးထပ်သား၂၅ကျပ်သား
  • နိုကိုဥ ၃ဥ
  • ကြက်သွန်ဖြူ ၅မွှာ
  • မုန်ညင်းဖြူအနည်းငယ်
  • ဆား စားပွဲတင်ဇွန်းတဝက်
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ဇွန်း
  • တရုတ်မဆလာစားပွဲတင်ဇွန်းတဝက်


ဝက်သားကို ဆား တရုတ်မဆလာ ပဲငံပြာရည်အနောက်နှင့်နယ်ကာ နာရီဝက်ခန့်ထားပါ။  နိုကိုဥများကို အခွံခွာ အတုံးများတုံးထားပါ။ မုန်ညင်းဖြူများကို အပင်လိုက် ရေစင်စင်ဆေးပါ။

ဝက်သားကို ကြက်သွန်ဖြူများထည့် အရည်ခမ်းအောင်လုံးပါ။ အရည်များခမ်းလာလျှင် ရေအနည်းငယ်ချင်းစီဖြည့် အခေါက် အသားများနူးအောင် ချက်ပါ။ အခေါက်များနူးစပြုလာလျှင် ရေအနည်းငယ်ထည့် နိုကိုဥများထည့်ပါ။ နိုကိုဥများနူးပြီဆိုလျှင် မီးပိတ်ကာ မုန်ညင်းရွက်များအုပ်ပါ။

တရုတ်မဆလာနံ့မွှေးတဲ့ ဝက်သားဟင်းလေးရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ခရမ်းသီး ပဲငပိနှပ်

$
0
0
မင်္ဂလာရှိသောနှစ်သစ်လေးပါ။ ဒီနေ့အတွက်တော့ post အဟောင်းလေးပါပဲ။ ခရမ်းသီးလေးကို ပဲငပိ မှို ပင်စိမ်းရွက်လေးနဲ့ နှပ်ထားပါတယ်။

ခရမ်းသီး ၅လုံး
ဆီ စားပွဲတင်ဇွန်း ၃ဇွန်း
သကြား စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ကောက်ရိုးမှို ၅ပွင့်
ပင်စိမ်းအနည်းငယ်
ငရုတ်နီ ၂တောင့်
ပဲငပိ စားပွဲတင်ဇွန်း ၁ဇွန်း
ခရုဆီ စားပွဲတင်ဇွန်းတ၀က်

ခရမ်းသီးများကိုလေးစိတ်စိတ်ပြီး ဆီစားပွဲတင်ဇွန်း ၁ဇွန်း သကြားစားပွဲတင်ဇွန်း တ၀က် ရေ၂ခွက်ထည့်ပြီးပြုတ် ရေစစ်ထားပါ။

ကောက်ရိုးမှိုကို အကြမ်းစင်းထားပါ။ ငရုတ်နီပါးပါးလှီး။ ပင်စိမ်းများရေဆေးထားပါ။

ဆီစားပွဲတင် ၂ဇွန်း ပူလာလျှင် ကောက်ရိုးမှို ငရုတ်နီများထည့် နွမ်းအောင်ကြော်ပါ။ သကြား ခရုဆီ ပဲငပိများထည့်ပါ။         

ပြုတ်ထားသော ခရမ်းသီးပေါ်မှလောင်းထည့်ပြီး ပင်စိမ်းရွက်များအုပ်ပါ။ ခရမ်းသီးပဲငပိနှပ်လေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ကြက်သားအဖြူသုတ်

$
0
0
ချစ်မိတ်ဆွေများ မင်္ဂလာပါရှင်။ ခေါင်းစဉ်ဖတ်ပြီး တအားမအံ့သြကြပါနဲ့နော်။ မနေ့က ခရီးတခုသွားပြီး ဒီနေ့အိမ်ပြန်ရောက်တော့ စားဖို့ချက်စရာမရှိတာနဲ့ ရှိတဲ့ကြက်သားလေးကို ပြုတ်ပြီး သုတ်ထားတာပါနော်။ ကြက်ပြုတ်ကို ရိုးရိုးပဲသုတ်ထားပြီး sauce မပါတာကြောင့် ကြက်သားအဖြူသုတ်လို့ နာမည်ပေးလိုက်တာပါနော်။း) အဖြူထည်လေးပေမဲ့ စပါးလင်လေးပါးပါးလှီးထည့်ထားလို့ အနံ့အရသာလေးတမူထူးခြားလို့ ချစ်မိတ်ဆွေများနှစ်သက်မယ်လို့ ယုံကြည်ပါတယ်နော်။


ကြက်သားကို အရေခွံခွာ အရိုးထုတ် ရေအနည်းငယ်ထည့် မိနစ် ၂၀ခန့်ပြုတ် အတုံးလေးများတုံးထားပါ။
ကြက်သွန်နီပါးပါးလှီး
စပါးလင်အတွင်းသားနုနုလေးများပါးပါးလှီး
ရှောက်ရွက်အနည်းငယ်
နံနံပင်
ကြက်သွန်ဖြူဆီချက်
ငရုတ်သီးစိမ်း
ကြက်ပြုတ်ရည် အနည်းငယ်
ကင်းမွန်ငံပြာရည်
သံပုရာသီးညှစ်ထည့် နှံ့စပ်အောင်နယ်ပါ။

စပါးလင်နံ့သင်းတဲ့ ကြက်သားအဖြူထည်သုတ်လေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

စိမ်းစားဥကြော်

$
0
0
အခုတလော ရာသီဥတုကအေး အပျင်းရောဂါစွဲကပ်နေတာနဲ့ ဟင်းမချက်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဒီနေ့တော့ စိမ်းစားဥသည်ဖြတ်သွားတာတွေ့တာနဲ့ ချစ်သောမိတ်ဆွေများအတွက် ရာသီစာ စိမ်းစားဥကြော်လေးကြော်ကျွေးပါတယ်နော်။ စိမ်းစားဥကို စိမ်းရွှင်ရွှင်နံ့ နံလို့ စုတော့လုံးဝကိုမကြိုက်ဘူး။ စိမ်းစားဥကြော်ကို အမျိုးတွေကြော်ကျွေးလို့ စားဖူးတာ။ အနံ့တော်တော်ဆိုးလိမ့်မယ်ထင်ထားတာ။ ကြော်လိုက်တော့ အစိမ်းနံ့ပျောက်သွားပြီး တော်တော်လေးချိုတယ်။ အရသာလဲတော်တော်လေး စားကောင်းတယ်။ တူတူစားကြရအောင်နော်။

စိမ်းစားဥ ၅ဥကို အခွံခွာ ပါးပါးလှီး
ကြက်သွန်ဖြူ ၅ဥခန့် မညက်တညက်ထောင်း
ပဲပြား ၁တုံးကို အတုံးသေးသေးတုံး
တရုတ်နံနံ ၄ ၅ပင်ခန့် ခြွေထားပါ။

ဆီထမင်းစားဇွန်း ၂ဇွန်းနှင့် ပဲပြားများကြော်ပါ။ အရောင်ရဲလာလျှင် ကြက်သွန်ဖြူထည့်ပါ။ စိမ်းစားဥများထည့် ရေအနည်းငယ်ထည့် နွမ်းအောင်ကြော်ပါ။ ဆားလက်ဖက်ဇွန်း ၁ဇွန်း ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ စိမ်းစားဥများနွမ်းပြီး အရသာအနေတော်ဆို မီးပိတ်ကာ တရုတ်နံနံများအုပ်ပါ။ စိမ်းစားဥကြော်ချိုချိုလေး ရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ငပိရည်ကျိုကြော်

$
0
0
ချစ်မိတ်ဆွေများ မင်္ဂလာပါရှင်။ post အဟောင်းလေးပါ။ အိမ်တိုင်းမှာ လွယ်လွယ်ကူကူရှိပြီး သိပ်ချက်မစားဖြစ်တဲ့ ဟင်းလေးပါ။ ငပိရည်ကျိုတော့ အိမ်တိုင်း မကြာခဏလုပ်စားဖြစ်မှာပါ။ ဒါလေးကတော့ ကျိုစားတဲ့ငပိရည်ကို ငပိကြော်ကြော်သလိုကြော်ထားတာမို
့ နေ့စဉ်ချက်နေကျဟင်းတွေက ခွဲထွက်ပြီး မိသားစုအားလုံးထမင်းမြိန်စေမှာ အသေအချာပါပဲ။


လိုအပ်သောပစ္စည်းများ
  • ငပိရေကျို ၅ကျပ်သားခန်
  • ကြက်သွန်နီ ၂ဥ
  • ကြက်သွန်ဖြူ ၅မွှာ
  • ငရုတ်သီးအကြမ်းဖတ် စားပွဲတင်ဇွန်း ၅ဇွန်း
  • ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း

ငပိများကို ငရုတ်ဆုံထဲတွင် ညက်နေအောင်ထောင်းပါ။ ကြက်သွန်ဖြူနီကိုရောထောင်းပါ။ ဆီ ဟင်းခတ်ဇွန်း ၁ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူနီထောင်းကို ဆီသတ်ပါ။ ကြက်သွန်များအရောင်ရဲလာလျှင် ငရုတ်သီးအကြမ်းဖတ်ထည့် အစိမ်းနံ့ပျောက်အောင် ဆီသတ်ပါ။ ထို့နောက် ထောင်းထားသောငပိများထည့် အရသာမှုန့်အနည်းငယ်ထည့်ကာ ဆီပြန်လာအောင်ကြော်ပါ။


ဆီပြန်လာပြီဆိုလျှင်တော့ နေ့စဉ်စားနေကျ အရသာတွေက ကွဲထွက်စေမဲ့ ငပိရည်ကျိုကြော်လေး ရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေရှင်။
ချစ်တဲ့
စု

ဂဏန်းဟင်းစပ်စပ်လေး

$
0
0
ဂဏန်းလေးကို အချဉ်မပါပဲ ခပ်စပ်စပ်လေးစားချင်လို့ ငရုတ်သီးအကြမ်းဖတ်များများနဲ့ ဂဏန်းရဲ့အချိုဓာတ်တွဲနေတဲ့ ချိုစပ်လေးချက်စားပါတယ်။

ဂဏန်း ၁၀ ကောင်
ကြက်သွန်ဖြူ ၇ မွှာ
ငရုတ်နီအရှည်တောင့် ၂တောင့်
ငရုတ်သီးအကြမ်းဖတ် စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်မြိတ် ၃ပင်
ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
ငါးငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း
ဆား စားပွဲတင်ဇွန်းတ၀က်

ဂဏန်းများကိုအခွံခွာ အညစ်အကြေးများဖယ် ရေဆေးထားပါ။ ဆီကိုပူအောင်တည်ပြီး ပူလာလျှင် ကြက်သွန်ဖြူကြွပ်ပြီးရဲလာအောင်ဆီသတ်ပါ။ ငရုတ်နီတောင့် ၂တောင့်ကို ကတ်ကြေးနှင့်ကိုက် အနံ့မွှေးပျံ့လာအောင်ကြော်ပါ။ ငရုတ်သီးအကြမ်းဖတ်များထည့် ရဲလာအောင်ကြော်ပါ။ ဂဏန်းများထည့် မီးအနေတော်နှင့်ကြော်ပါ။ ဂဏန်းအရောင်ရဲလာလျှင် ရေအနည်းငယ်ထည့် ပွက်ပွက်ဆူအောင်တည်ပါ။ ငါးငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း ဆား စားပွဲတင်ဇွန်းတ၀က်ထည့်ရေကျအောင်ထားပါ။

အရသာ အနေတော်ဆို ကြက်သွန်မြိတ်အုပ် မီးပိတ်ပါ။ ချိုချိုစပ်စပ် ဂဏန်းဟင်းလေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ကန်စွန်းဥယို

$
0
0
မင်္ဂလာပါရှင်။ အညာဘုရားပွဲတွေမှာကျွေးလေ့ရှိတဲ့ ကန်စွန်းဥယိုလေး လုပ်ထားပါတယ်။ ကန်စွန်းဥကို ငချိတ်ဥလေးသုံးထားပါတယ်။ အရောင်မဲပြီး အမြင်မလှပေမဲ့ အရသာကတော့ အချိုလေးလို့ ပိုပြီးစားကောင်းပါတယ်။ ကန်စွန်းဥယိုကို အုန်းသီးကြော်လေးဖြူး ရေနွေးကြမ်းလေးသောက်လို့ သုံးဆောင်ကြပါဦးနော်။
  • ကန်စွန်းဥ ၁ပိသာ
  • ဆီ ၂၅ ကျပ်သား
  • ထောပတ် ၅ကျပ်သား
  • မုန့်လုပ်ထန်းလျက် ၂၅ ကျပ်သား
  • ဆား စားပွဲတင်ဇွန်း ၁ဇွန်း
  • အုန်းသီး ၁လုံး
  • မြေပဲ ၁၅ ကျပ်သား

ကန်စွန်းဥကို ၁၅မိနစ်ခန့်ပြုတ် အခွံနွှာပြီး ခြေထားပါ။

ထန်းလျက်များကို ထုခြေထားပါ။

အုန်းသီးကို အခွံနွှာခြစ်ပြီး ဆီပူပူမှာရဲကြွပ်နေအောင်ကြော်ပါ။

ဆီကိုအပူပေးပြီး ထန်းလျက်များအားလုံး ပျော်ဝင်သွားအောင် ကျိုပါ။ ပျော်ဝင်သွားလျှင် ခြေထားသောကန်စွန်းဥများထည့်မွှေပါ။ ဆားထည့်ပါ။ ကန်စွန်းဥကို ဆီပြန်သည်ထိ အဆက်မပြတ်မွှေပါ။ ဆီပြန်ခါနီးလျှင် မြေပဲများထည့် ထောပတ်ထည့်ပြီး ဆီပြန်ခြောက်လာသည်ထိမွှေပါ။ ထို့နောက် ကျောက်ကျောဗန်းထဲထည့် အအေးခံပြီး အုန်းသီးကြော်များဖြူးပါ။

ကန်စွန်းဥယိုလေး ရေနွေးကြမ်းနှင့်မြည်းရန် အသင့်ဖြစ်ပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

ငါးမျှစ်ချဉ်ချက်

$
0
0
ချစ်မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ မျှစ်ချဉ်ကို ငါးကြင်းဖြူလေးနဲ့ချက်ထားပါတယ်။ ရာသီဥတုအေးအေးမှာ မျှစ်ချဉ်ဟင်းပူပူလေးဆွဲကြမယ်နော်။း)

  • မျှစ်ချဉ် ၂၅ ကျပ်သား
  • ငါးကြင်းဖြူ ၁၅ ကျပ်သား
  • ကြက်သွန်နီ ၂လုံး
  • အရောင်တင်မှုန့် ၂ဇွန်း
  • ဆနွင်း လက်ဖက်ဇွန်းတ၀က်
  • ဆား လက်ဖက်ဇွန်း ၂ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
  • ပင်စိမ်းရွက်အနည်းငယ်

 ချက်တာတော့ ဘာမှမခက်ပါဘူး။ မျှစ်ချဉ်ကို ရေဆေး အတုံးလေးများတုံး ထားပါ။ ငါးကြင်းဖြူကို အကြေးခွံထိုး ရေဆေး အနေတော်အတုံးလေးများတုံး ဆားဆနွင်းငါးငံပြာရည်များနယ်ထားပါ။ ဆီပူလာလျှင် ကြက်သွန်နီရဲအောင်ကြော် အရောင်တင်မှုန့်ထည့်ပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် နယ်ထားသောငါးများထည့်လုံးပါ။

အရည်ခန်းလာလျှင် မျှစ်ချဉ်တုံးများထည့်လုံးပါ။ ရေအနည်းငယ်ထည့် အဖုံးအုပ်ပေးပါ။ မျှစ်ချဉ်များနူးလာပြီဆိုလျှင် အရသာမြည်း လိုတာလေးဖြည့် ပင်စိမ်းရွက်လေးအုပ်ပါ။


ပင်စိမ်းနံ့သင်းသင်းလေးနဲ့ မျှစ်ချဉ်ဟင်းလေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

မရမ်းသီးသုတ်

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ အခုတလော ဟင်းလဲမချက် ဈေးမရောက်တာ တော်တော်လေးကြာသွားတယ်။ ဒီနေ့မနက်မှ ဈေးရောက်ခဲ့တော့ မရမ်းသီးတွေပေါ်နေတာနဲ့ အိမ်မှာအဖွားသုတ်စားနေကျပုံစံမျိုးလေးသုတ်ထားပါတယ်။
 
အလွယ်သုတ်လေးပါပဲ။ မရမ်းသီးတွေကို ထက်ခြမ်းခြမ်း ရေဆေး အစေ့ထုတ်ပြီးပါးပါးလှီးပါ။ ကြက်သွန်နီကြော် ငရုတ်သီးအလှော်မှုန့် ပုဇွန်ခြောက်မှုန့် ဟင်းခတ်မှုန့်အနည်းငယ် ကင်းမွန်ငံပြာရည်တို့နှင့် သမအောင်ရောနယ်ပါ။ ကြက်သွန်နီ ပါးပါးလှီးရေဆေးထည့်ပါ။ စုတော့ ကြက်သွန်နီထည့်မထားတော့ဘူး။

အပေါ့အငန်အနေတော်ဆိုလျှင် ထမင်းမြိန်တဲ့ ရာသီစာမရမ်းသီးသုတ်လေး ရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

မရမ်းသီးငပိထောင်း

$
0
0
ဟိုတနေ့ကသုတ်စားတဲ့ မရမ်းသီးလက်ကျန်လေးကို ဒီနေ့တော့ ငပိလေးမီးကင်ထောင်းလိုက်ပါတယ်။ အားပေးကြပါဦးနော်။

မရမ်းသီးလေးတွေကို ထက်ခြမ်းခြမ်းရေဆေး
ငရုတ်သီးစိမ်း
ငရုတ်သီးအကျက်မှုန့်
ကြက်သွန်ဖြူ
ပုဇွန်ခြောက်မှုန့်
ငပိလေးမီးကင်ထည့် ထောင်းပါ။

မရမ်းသီးငပိထောင်းစပ်စပ်လေးနဲ့ ထမင်းမြိန်မြိန်စားကြရအောင်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။


Viewing all 42 articles
Browse latest View live