ဆောင်းတွင်းလေးမှာ သူငယ်ချင်းတွေစုမိတိုင်း ငါးကင်စပ်စပ်လေးခဏခဏ စားဖြစ်တယ်။ မန္တလေးက မာလာဟင်းဆိုင်လေးတွေမှာရောင်းတဲ့ အကင်မျိုးလေးပါ။ ကင်ပြီးပြီးချင်း သူငယ်ချင်းကမြည်းမလို့လုပ်လိုက်တာ ငါးလေးပုံနည်းနည်းပျက်သွားတယ်။ သည်းခံကြပါနော်။း)
ငါးကင်ရန်အတွက် တလားဗီးယားငါးကို အကြေးခွံထိုး အမြှောင်းရာပေး အဆာသွတ်ရန် ဗိုက်ခွဲထားပါ။
ငါး ၁ကောင်အတွက်
အဆာသွတ်ရန်အတွက်
ကင်ခါနီးလျှင် ရေခဲသေတ္တာထဲမှငါးကိုထုတ်ကာ ထောင်းထားသောအဆာများသွတ်ပါ။ ကင်သောအချိန်တွင် ငါးပေါ်မှသုတ်ရန် ငရုတ်သီးအလှော်မှုန့် စားပွဲတင်ဇွန်း ၂ဇွန်း ရှောက်ကော ပါကော ၀ှာခြောက်မှုန့် စားပွဲတင်ဇွန်းတ၀က်စီရောကာ ဆီပူပူကိုလောင်းချပါ။ ငရုတ်သီးအနှစ်ကိုသုတ်ပြီး ကင်ပေးပါ။
ငါးကင် မွှေးမွှေးစပ်စပ်လေးရပါပြီရှင်။ ကင်ပြီးပြီးချင်း ဓာတ်ပုံတောင်မရိုက်ရသေးဘူး။ သူငယ်ချင်းကမြည်းမလို့ လုပ်လိုက်လို့ ငါးကင်လေး ပုံတောင်နည်းနည်းပျက်သွားတယ်။ အားလုံးပဲ တူတူစားရအောင်နော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

- ရှာက်ကောမှုန့် ပါကောမှုန့် ၀ှာခြောက်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်းစီ
- ကချင်အရက် စားပွဲတင်ဇွန်း ၃ဇွန်း
- ဆား စားပွဲတင်ဇွန်းတ၀က်
- ဂျင်းရည် စားပွဲတင်ဇွန်း ၁ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်းထည့် ရောနယ်ကာရေခဲသေတ္တာထဲတွင် ၃နာရီခန့်ထားပါ။
အဆာသွတ်ရန်အတွက်
- ပင်စိမ်း ၂စီး
- ရှမ်းနံနံ ၁စီး
- နံနံပင် ၂စီး
- ကင်ပွန်းချဉ်ရွက် အကြမ်းပန်းကန်လုံး ၁လုံး
- ဖက်ဖယ် ၄စီး
- ကြက်သွန်ဖြူ အမွှာ ၂၀
- ငရုတ်သီးစိမ်း ၂၀တောင့် ကိုကြိတ်ပါ။