Quantcast
Channel: စိတ်စေရာ
Viewing all articles
Browse latest Browse all 42

မုန့်ဦးနှောက်

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ ဟင်းမချက်ဖြစ်တာလဲ တော်တော်လေးကြာသွားတယ်။ ရာသီဥတုအရမ်းပူလာတာနဲ့ နားနေတာ အနားလွန်သွားပါတယ်ရှင်။ ဒီနေ့တော့ စားချင်လွန်းတာနဲ့ မုန့်ဦးနှောက်ကို အလွယ်နည်းလေးနဲ့လုပ်စားဖြစ်ရင်း ဓာတ်ပုံလေးရိုက် ခပ်မြန်မြန်နည်းလေး ဝေမျှလိုက်ပါတယ်နော်။

  • ဆန်မှုန့် နို့ဆီဘူး ၁ဘူး
  • သကြား စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ နို့ဆီဘူး ၁ဘူး
  • အုန်းနို့ ၄၀၀ ml
  • သာကူစေ့ ၅ကျပ်သားခန့်

အုန်းနို့ဟင်းခတ်ဇွန်း ၁ဇွန်းစာချန်ထားပြီး ကျန်သောအုန်းနို့များအားလုံးကို ဆားအနည်းငယ်ထည့် မီးအေးအေးနှင့် အုန်းနို့များဆီပြန်လာသည်ထိ ချက်ထားပါ။

ဆန်မှုန့်ကို ဆားနှင့်ရောပြီး ရေအနည်းငယ်စီထည့်နယ်ပါ။ ရေကို အနည်းငယ်စီထည့်ခြင်းဖြင့် ဆန်မှုန့်များခဲမသွားစေရန် ဖြစ်ပါတယ်။ သကြား အုန်းနို့ဟင်းခတ်ဇွန်း ၁ဇွန်းထည့်ထည့်နယ်ပါ။ အုန်းနို့အနည်းငယ်ထည့်ခြင်းဖြင့် မုန့်သားအနံ့ပိုမွှေးပါတယ်။ မုန့်နှစ်ကိုယောင်းမပေါ်တွင်တင်ရုံ ခပ်ကျဲကျဲရသည်ထိ ရေကိုထည့်ပါ။

ရေပွက်ပွက်ဆူထဲသို့ သာကူစေ့များထည့် ၁၀ မိနစ်ခန့်ထားကာ ရေစစ်ထားပါ။

အိုးကို မီးဖိုပေါ်တင်ပြီး မီးအေးအေးနှင့် အဆက်မပြတ်မွှေပါ။ ၄၅ မိနစ်ခန့် အဆက်မပြတ်မွှေပြီး မုန့်ရည်များညောင်စေးကျလာလျှင် ရေစစ်ထားသောသာကူစေ့များထည့်မွှေပါ။

သာကူအဖြူစေ့များပျောက်လျှင် မီးဖိုပေါ်မှချကာ ဆီသုတ်ထားသောဗန်းတွင်ထည့်ပြီး အအေးခံပါ။

အေးပြီးခဲသွားလျှင် ဓားနှင့်လှီး အုန်းဆီ သကြားဖြူးပြီး စားသုံးဖို့ အဆင်သင့်ဖြစ်ပါပြီရှင်။

ဒါကတော့ ရန်ကုန်မှာ ရောင်းတဲ့မုန်းဦးနှောက်မျိုးကို အလွယ်လုပ်ထားတာပါ။ ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းရင် ငှက်ပျောဖက်နံ့နဲ့ပိုမွှေးပြီး ပိုပြီးစားလို့ကောင်းပါတယ်။ ဖက်ရှာရခက်လို့ အလွယ်ကျိုလိုက်တာပါ။ ဖက်နဲ့ပေါင်းမယ်ဆိုရင်တော့ ဆန်မှုန့် အုန်းနို့ သကြား ဆား ရေနှင့်ရောနယ်ပြီး ရေနွေးစိမ်ထားတဲ့ သာကူစေ့ထည့်နယ်ပါ။ ငှက်ပျောဖက်ထဲဆီသုတ် မုန့်သားထည့်ထုပ်ပြီး မိနစ် ၂၀ခန့်ပေါင်းပေးပါ။ မပေါင်းခင် ပေါင်းအိုးကို ရေနွေးဆူပွက်အောင်အရင်တည်ထားပါ။ မိနစ် ၂၀ခန့်ပေါင်းပြီးလျှင်တော့ ငှက်ပျောဖက်နံ့သင်းတဲ့ မုန့်ဦးနှောက်လေးရပါပြီ။

မန္တလေးမှာတော့ မုန့်ဦးနှောက်ကို အုန်းနို့သကြားမဆမ်းပဲ မြေပဲကြော် ကြက်သွန်ဖြူနီဆီချက် ဆီဝါလေးဆမ်းပြီး စားကြပါတယ်။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု






Viewing all articles
Browse latest Browse all 42

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...