ဒါလေးကလဲ post အဟောင်းလေးပါ။ Blog စရေးခါစ ၆လပိုင်းတုန်းက တင်ထားတဲ့ဟင်းလေးပါ။ အရမ်းကြိုက်လို့ ခဏခဏကြော်စားဖြစ်ပါတယ်။ စုတော့အိမ်မှာကြော်စားရတာ အရမ်းအဆင်ပြေလို့ နည်းလေးဝေမျှလိုက်ပါတယ်နော်။
လိုအပ်တဲ့ပစ္စည်းများကတော့
ပါဝင်ပစ္စည်းများအားလုံးနှင့် ငါးဖယ်ကိုစေးနေအောင်နာနာနယ်ပါတယ်။
လက်ကိုရေစွတ်ပြီးငါးဖယ်ပြားလေးတွေ အရွယ်တော် အ၀ိုင်းပြားလေးများလုပ်ပါ။
မီးခပ်မျှင်းမျှင်းနှင့်ကြော်ပါတယ်။ မီးပြင်းသွားရင် ထည့်ထားတဲ့ ပဲသီးရှောက်ရွက်တူးပြီးမဲသွားတတ်လို့ အရောင်မလှဖြစ်တတ်ပါတယ်။
နှစ်ဖက်လုံးရဲနေအောင်ကြော်ပြီးရင်တော့ ချက်လို့လွယ် မြည်းလို့လဲကောင်း ထမင်းနဲ့စားလို့လဲကောင်းတဲ့ ယိုးဒယားငါးဖယ်ကြော်လေးရပြီပေါ့နော်။ တို့စားဖို့ sauce လေးကိုလဲ တခါထဲတွဲလုပ်ထားပါတယ်။ သခွားသီးများကိုအတုံးလေးများလုပ် မြေပဲလှော်မညက်တညက်ထောင်းရောကာသံပုရာသီး ၁လုံးထည့်ညှစ်ထားပါ။ ရှာလကာရည်စားပွဲတင်ဇွန်း ၂ဇွန်း သကြား စားပွဲတင်ဇွန်း ၁ဇွန်း ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်းတ၀က်ကို သကြားပျော်အောင်အပူပေးပြီး သခွားသီးအရောထဲလောင်းထည့်ပါ။ ငါးဖယ်ကြော်လေးနဲ့တွဲဖက်စားဖို့ ချိုချဉ် sauce လေးရပါပြီနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
လိုအပ်တဲ့ပစ္စည်းများကတော့
- ငါးဖယ် ၄၀ သား
- ကြက်ဥ ၂လုံး
- ပဲတောင့်ရှည် ၅ တောင့် ပါးပါးလှီး
- ရှောက်ရွက် ၃စီး ပါးပါးလှီး
- red curry paste စားပွဲတင် ၂ ဇွန်း
- သကြားစားပွဲတင် ၂ ဇွန်း
- ဆားစားပွဲတင်ဇွန်းတ၀က်