Quantcast
Channel: စိတ်စေရာ
Viewing all articles
Browse latest Browse all 42

စိမ်းစားဥကြော်

$
0
0
အခုတလော ရာသီဥတုကအေး အပျင်းရောဂါစွဲကပ်နေတာနဲ့ ဟင်းမချက်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဒီနေ့တော့ စိမ်းစားဥသည်ဖြတ်သွားတာတွေ့တာနဲ့ ချစ်သောမိတ်ဆွေများအတွက် ရာသီစာ စိမ်းစားဥကြော်လေးကြော်ကျွေးပါတယ်နော်။ စိမ်းစားဥကို စိမ်းရွှင်ရွှင်နံ့ နံလို့ စုတော့လုံးဝကိုမကြိုက်ဘူး။ စိမ်းစားဥကြော်ကို အမျိုးတွေကြော်ကျွေးလို့ စားဖူးတာ။ အနံ့တော်တော်ဆိုးလိမ့်မယ်ထင်ထားတာ။ ကြော်လိုက်တော့ အစိမ်းနံ့ပျောက်သွားပြီး တော်တော်လေးချိုတယ်။ အရသာလဲတော်တော်လေး စားကောင်းတယ်။ တူတူစားကြရအောင်နော်။

စိမ်းစားဥ ၅ဥကို အခွံခွာ ပါးပါးလှီး
ကြက်သွန်ဖြူ ၅ဥခန့် မညက်တညက်ထောင်း
ပဲပြား ၁တုံးကို အတုံးသေးသေးတုံး
တရုတ်နံနံ ၄ ၅ပင်ခန့် ခြွေထားပါ။

ဆီထမင်းစားဇွန်း ၂ဇွန်းနှင့် ပဲပြားများကြော်ပါ။ အရောင်ရဲလာလျှင် ကြက်သွန်ဖြူထည့်ပါ။ စိမ်းစားဥများထည့် ရေအနည်းငယ်ထည့် နွမ်းအောင်ကြော်ပါ။ ဆားလက်ဖက်ဇွန်း ၁ဇွန်း ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ စိမ်းစားဥများနွမ်းပြီး အရသာအနေတော်ဆို မီးပိတ်ကာ တရုတ်နံနံများအုပ်ပါ။ စိမ်းစားဥကြော်ချိုချိုလေး ရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု

Viewing all articles
Browse latest Browse all 42

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...